တွန်းဇံ ၂၈ သြဂုတ်
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဖိုင်တူကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဖိုင်တူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးဟုန်းဂေကီးက ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်က ကျေးလက်ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် အဆင့်ဆင့် ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် တွန်းဇံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်ဦးက လူကုန်ကူးမှုဆိုင်ရာသိကောင်းစရာများ၊ သက်ငယ်မုဒိမ်းမှုများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဆောက်က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊သဘာဝဘေးအန္တရာယ် ဆိုင်ရာသိကောင်းစရာများ၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာသိကောင်းစရာများ၊ ရှာဖွေကယ်ဆယ်ရေး ဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်မွေး/ကု ဦးစီးမှူး ဦးလောဟာခွီရှိန်းက လူများသတိမထားမိသော တိရစ္ဆာများမှ ကူးစက်တတ်သော ရောဂါများဆိုင်ရာ သိကောင်းစရာများ၊ အာဖရိကဝက်အပျင်းဖျားရောဂါဆိုင်ရာ သိကောင်းစရာများနှင့် မွေးမြူရေး လုပ်ငန်းများတွင် လုပ်သင့်လုပ်ထိုက်သည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသော ပြည်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြန်လည်ဖြေးကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


