စဉ့်ကိုင် ၂၈ သြဂုတ်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် သြဂုတ်လ (၂၇) ရက် ညဦးပိုင်းတွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ရာ သြဂုတ်လ ၂၈ ရက် နံနက်(၉)နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရေချိန်တိုင်းထွာချက်အရ မိုးရေချိန်လက်မ (၂.၅၀)လက်မရွာသွန်းခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးလမ်း မိုင်တိုင်အမှတ်၊ ၄၀၇ /၃နှင့် ၄ ကြား ဘဏ္ဍာကျေးရွာအနီးရှိ ထနောင်းပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုဖြစ်ပွားခဲ့သည်။ ထိုလမ်းပိတ်ဆို့မှုအား ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်ဇေယျနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်များ လူမှုရေး အသင်းဝင်များက ပူးပေါင်းပြီး ထနောင်းပင်အား ခုတ်ထွင်ရှင်လင်း ဖယ်ရှားခဲ့ပေးခဲ့ကြကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)


