မိုင်းယု ၂၈ ဩဂုတ် 


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့ရှိ မွေးကင်းစမှ အသက်ငါးနှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ဩဂုတ် ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ စတင်တိုက်ကျွေးခဲ့ရာ မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ သတ်မှတ်စုရပ် များ အသီးသီးတို့၌ တိုက်ကျွေးခဲ့သည်။


အဆိုပါ တိုက်ကျွေးခြင်းကို ဝမ်တာကြန့်ကျေးရွာနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်းနှင့် ဒေါ်ဝေဝေလွင်တို့က မြို့ပေါ်ရပ်ကွက်နှင့် တာကြန့်အုပ်စု အတွင်းရှိ ကလေးငယ် ၂၈၃ ဉီးနှင့် ဒွန်းနွဲ့၊ မိုင်းလွေကျေးရွာအုပ်စုများမှ ကလေးငယ် ၈၂ ဉီး စုစုပေါင်း ကလေးငယ် ၃၆၅ ဉီးတို့အား သူငယ်နာအကြောသေရောဂါ (ပိုလီယို) ကာကွယ်ဆေး တစ်ပြိုင်တည်း တိုက်ကျွေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။


ကိုကိုနိုင်(မိုင်းယု)