ဘိုကလေး ၂၈ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရုံးတွင် ယနေ့နံနက်(၁၀)နာရီ၌ မွေးကင်းစအရွယ်မှစ၍ အသက်(၅)နှစ်အရွယ် ကလေးများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခဲ့သည်။
ကာကွယ်ဆေးတိုက်ကျွေးရာတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနှမှ တာဝန်ရှိသူများ၊ ဘိုကလေးမြို့နယ် ကုတင်(၁၀ဝ)ဆေးရုံအုပ်ကြီးနှင့် WHO, UNICEF အဖွဲ့သားများမှ လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်မှ ရပ်ကွက်/ကျေးရွာများအား သြဂုတ်၂၆ မှစတင်၍ ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခဲ့ကြောင်း၊ အောက်တိုဘာ(၂၅)ရက်နေ့တွင်လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် (၉)လမှ (၅)နှစ်အရွယ်ကလေးများအား ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးနှံသွားရန်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)


