ညောင်ရွှေ ၂၈ ဩဂုတ်
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူသည် ၁၃၈၁ ခု၊ သီတင်းကျွတ်လဆန်း ၁ ရက်၊ စက်တင်ဘာ ၂၉ ရက်မှစ၍ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံမည်ဖြစ်သည်။
ညောင်ရွှေမြို့သို့ အောက်တိုဘာ ၅ ရက်တွင် ရောက်ရှိတော်မူမည်ဖြစ်ပြီး အောက်တိုဘာ ၇ ရက်ထိ ကိန်းဝပ်ပူဇော်ခံမည်ဖြစ်သည်။ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၁၆ ရက်တွင် အင်းလေးဖောင်တော်ဦးဘုရား ရတနာစံကျောင်းတော်ကြီးသို့ ပြန်လည်ကြွမြန်း ကိန်းဝပ်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


