ရန်ကုန် ၂၈ သြဂုတ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးသံတမန်အဖြစ် တီမောလက်စ်တေနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်(၂၀)ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တို့မှတစ်ဆင့် တီမောလက်စ်တေနိုင်ငံ၊ ဒီလီမြို့သို့ သွားရောက်ခြင်းဖြစ်ပြီး သြဂုတ် ၃၀ ရက်တွင် ဒီလီမြို့၌ ကျင်းပမည့် တီမောလက်စ်တေ ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ်(၂၀)ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် လိုက်ပါသွားသည်။
သတင်းစဉ်


