နေပြည်တော် ၂၈ ဩဂုတ်


ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်သည် International Republican Institute (IRI) မှ ဦးစိုင်းဇော်လင်းမောင် ဦးဆောင်သောပါတီ (၁၅)ခုမှ အမျိုးသမီးပါတီဝင်များအား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ကော်မတီဥက္ကဋ္ဌက ကော်မတီ၏ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပြီး အမျိုးသမီးပါတီဝင်များမှ အမျိုးသမီးနှင့် ကလေးသူငယ် အကြမ်းဖက်မှုများ၊ အခွင့်အရေးဆုံးရှုံးနစ်နာမှုများနှင့် အမျိုးသမီးများအကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်များကို ကော်မတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားသည်။


တွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဒေါ်ကြည်မို့မို့လွင်နှင့် ကော်မတီအဖွဲ့ဝင် ဒေါ်ခင်စန္ဒီတို့ တက်ရောက်ခဲ့ကြသည်။ 


သတင်းစဉ်