ကွတ်ခိုင် ၂၈ သြဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျပ် ၈၅၇၀ဝ၀ဝ တန်ဖိုးရှိ စားသုံးကုန်ပစ္စည်းများနှင့် ငွေကြေးများကို သြဂုတ် ၂၇ ရက် မွန်းလွဲ (၁) နာရီက အမှတ်(၂)ရပ်ကွက်ရှိ တအာင်းစာပေယဉ်ကျေးမှုခန်းမဆောင်၌ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကချင်တိုင်းသားရေးရာဝန်ကြီး ဒူဝါဇုတ်ဒေါင်က စစ်ဘေးရှောင်ပြည်သူများအား အားပေးနှစ်သိမ့်စကားများ ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်လွင်က ဒေသတွင်းဖြစ်ပေါ်နေသော အခြေအနေများအား ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ယာယီစစ်ဘေးရှောင်ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်အိတ်(၈၀)၊ ခေါက်ဆွဲခြောက်ဖာ (၁၀ဝ)ဖာနှင့် စစ်ဘေးရှောင်စခန်းများရှိ ကိုယ်ဝန်ဆောင်မိခင် (၁၅)ဦး၊ (၁)နှစ်အောက်ကလေးငယ် (၅၂)ဦးနှင့် တိုက်ပွဲအတွင်း ထိခိုက်/ဒဏ်ရာရှိသူများနှင့် သေဆုံးသူတို့အား ထောက်ပံ့ငွေကြေးများ ပေးအပ်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။
ကွတ်ခိုင်မြို့နယ်အတွင်း သြဂုတ် ၁၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် သေဆုံးသူ(၃)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၃)ဦးရှိခဲ့ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)


