ချောက် ၂၈ သြဂုတ်
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် တောင်သူများအား မျိုးစေ့နှင့် ပံ့ပိုးပစ္စည်း ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တောင်သူများထံသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁) ဒေါ်စန်းစန်းဝင်း၊ လွှတ်တော်ကိုယ်စားလှယ်(၂) ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက တောင်သူများထံ မြေပဲစံပြကွက် ၁၅ ဧကအတွက် မြေပဲတင်း ၅၀၊ ဆောင်းနှမ်းစံပြကွက် ၁၁ ဧကအတွက် နှမ်းမျိုး ၂၂ ပြည်၊ ချည်မျှင်ရှည်ဝါ စံပြကွက်အတွက် မျိုးစေ့ ၁၈ ပိဿာ၊ ပဲပုပ်မျိုးစေ့များ၊ ကုလားပဲမျိုးစေ့၊ ပဲကြီးမျိုးစေ့နှင့် လိုအပ်သည့် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


