နေပြည်တော် ၂၈ ဩဂုတ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ Chief of Mission, Mr. Akio Nakayama တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား ဒုတိယ ၅ နှစ်တာလုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ၊ ခိုင်မာသောအုပ်ချုပ်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများဖြင့် အလုပ်သမားရွှေ့ပြောင်းသွားလာခြင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးသက်ရောက်မှုများ တိုးမြှင့်ရရှိစေခြင်း(တွဲလက်စီမံချက်) နှင့် MILDAS Project တို့အရ ရွှေ့ပြောင်းသွားလာရန် အလားအလာရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွှေ့ပြောင်းသွားလာသူများနှင့် ယင်းတို့၏ မိသားစုဝင်များအား ရွှေ့ပြောင်းသွားလာခြင်းမပြုမီ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အသိပညာပေးသင်တန်း၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းနှင့် ကျွမ်းကျင်မှုအရည် အသွေးတိုးတက်မှုဆိုင်ရာ သင်တန်းများနှင့် အလုပ်အကိုင်ချိတ်ဆက်ပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ယင်းတို့၏မိသားစုဝင်များအား ရွှေ့ပြောင်းသွားလာခြင်းမှ ရှိလာသည့် အကျိုးဖြစ်ထွန်းမှု စီမံခန့်ခွဲခြင်းတို့အပေါ် အသိပညာပေးခြင်းဆိုင်ရာ သင်တန်းနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု တတ်မြောက်ရေး သင်တန်းများ ပူးပေါင်းဆောင်ရွက်နေမှု၊ IOM မှ ပေးပို့လာသည့် ၂၀၁၉ Work Plan အား မူအားဖြင့် သဘောတူထားရှိပြီး အသေးစိတ် အချက်အလက်များအား လုပ်ငန်းအဖွဲ့များဖြင့် ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည့်အခြေအနေ၊ MRC ရုံးများ၏ လုပ်ငန်းများ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ကိစ္စတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်


