မိုးနဲ  ၂၉   ဩဂုတ်  


ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတောင်းမြို့၌ ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၃) ရပ်ကွက်နေ ဦးထွန်းကြည်၏ ဆောက်လုပ်ဆဲ အုတ်စက် အဆောက်အဦပေါ်သို့ သက်တမ်းရင့်ညောင်ပင်ပြိုလဲမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။


အဆိုပါ ညောင်ပင်ပြိုလဲရာနေရာသို့ ကျိုင်းတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးနန်းဝင်း နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအင်အား ၃၀ ဦးခန့်က ဝိုင်းဝန်းဖယ်ရှား ရှင်း လင်း ပေးခဲ့ကြောင်းသိရသည်။ ညောင်ပင်ပြိုလဲမှုကြောင့် ဦးထွန်းကြည်၏ ဆောက်လုပ်ဆဲ အုတ်စက်အ ဆောက်အဦ အနည်းငယ်ပျက်ဆီးခဲ့ပြီး လူနှင့်တိရိစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)