ပန်းတနော် ၂၉  သြဂုတ် 


ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ် ဖြစ်ပွားပါက ဘေးကင်းစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုကို မြို့နယ်မီးသတ်ဦးစီးဌာနက နောက်ပိုင်းရပ်ကွက် အ.မ.က(၁) ကျောင်း၌ သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ 


ငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရှောင်ရှားသင့်သည့် အချက်များနှင့် ငလျင်ဖြစ်ပေါ်လာပါက အကာအကွယ်အောက်မှာနေရန် အမာခံရှိသည့် ခုံဘေးတွေ၊ စားပွဲဘေးတွေ၊ ခုတင်အောက်တွေမှာနေတက်ဖို့ လိုအပ်ကြောင်း ပန်းတနော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးပြောကြားခဲ့သည်။


ထို့နောက် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ငလျင်လှုပ်ပြီး ပြိုကျပျက်စီးမှုအောက်တွင် ရှာဖွေကယ်ဆယ်ပုံများကို လက်တွေ့သရုပ်ပြသခဲ့ပြီး ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပါက ရောက်ရှိသည့်နေရာတွင် အန္တရာယ်အကင်းဆုံးဖြစ်အောင် နေထိုင်နည်း၊ ဘေးလွတ်ကင်းရာနေရာများသို့ အမြန်းဆုံး ထွက်ခွာနည်းစသည့်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် ဇာတ်တိုက်လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်(ပြန်/ ဆက်)