ရွှေဘို ၂၉ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း တတိယနှစ် သက်တမ်းအဖြစ် ကျပ်သိန်း (၄၁၄) သိန်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘုန်ကြီးကျောင်း ဓမ္မာရုံတွင် ထုတ်ချေးခဲ့သည်။
ရှေးဦးစွာ ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူက ယခုလိုရရှိသော မြစိမ်းရောင်လည်ပတ်ရန်ပုံငွေများဖြင့် ကျေးရွာနေပြည်သူများက တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် မိသားစုဝင်ငွေ တိုးတက်စေသော အလုပ်အကိုင်အခွင့်အလမ်းများတွင် အသုံးပြု လုပ်ဆောင်သွားရန်ကိုလည်ကောင်း၊ အတိုးဝင်ငွေထည့်၍ တိုးပွားလာသောငွေများနှင့် ကျေးရွာ၏လိုအပ်ချက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော တကန်သာကျေးရွာ မြစိမ်းရောင်စီမံကိန်း တတိယနှစ်သက်တမ်းအတွက် စိုက်ပျိုးရေး ၁၉၀ ဦး၊ မွေးမြူရေး ၅၈ ဦး၊ ကုန်ထုတ်လုပ်ငန်း ၂၅ ဦး၊ အရောင်းအဝယ် ၁၁ ဦး စုစုပေါင်း အသင်းသားဦးရေ (၂၈၄)ဦးတို့ကို ထုတ်ချေးငွေ ၄၁၄၀ဝ၀ဝ၀ သိန်းအား ရွှေဘိုမြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူနှင့် ဝန်ထမ်းများမှ ထုတ်ချေးဆောင်ရွက်ခဲ့သည်။
ထွန်းမြင့်အောင်(ရွှေဘို)


