ပုသိမ်  ၂၉  သြဂုတ် 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပုသိမ်မြို့နယ်အတွင်းရှိ ရေလုပ်ငန်းရှင်များနှင့် ရေလုပ်သားများအား အခြေခံငါးမွေးမြူရေးနှင့် ကောင်းမွန်သောမွေးမြူမှုကျင့်စဉ်များကို ဝါးယားချောင်းကျေးရွာ ပညာပါရမီ(ဘုန်းတော်ကြီးကျောင်း)တွင် သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။


ပုသိမ်-ကန်ကြီးထောင့်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးသိန်းနှင့် ဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရေလုပ်သားများစုစုပေါင်းအင်အား(၄၁)ဦး တက်ရောက်ခဲ့သည်။


သင်တန်းကိုတစ်နေ့တာ သင်ခန်းစာပို့ချခဲ့ပြီး ငါးမွေးတောင်သူများအတွက် နည်းပညာပေးလက်ကမ်းစာစောင်များနှင့် သင်တန်းအမှတ်တရလက်ဆောင်များ  ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


ပုသိမ်ခရိုင်ပြန် /ဆက်

 

received_229