လှိုင်းဘွဲ ၂၉ ဩဂုတ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာန၏ မြန်မာနိုင်ငံ အမျိုးသားအဆင့်လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်အရ လှိုင်ဘွဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ထီလုံကျေးရွာ၊ ပိုင်ကျုံမြို့၊ လှိုင်ဘွဲမြို့၊ ရွှေဂွန်းကျေးရွာနှင့် ရှမ်းရွာသစ်မြို့တို့အတွက် တတိယအကြိမ်နှင့်စတုတ္ထအကြိမ် ထောက်ပံ့ကြေးငွေများ ပေးအပ်သည်။ 
 
ထိုသို့သွားရောက်ပေးအပ်ရာတွင် ကရင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးခွန်မျိုးတင့်တို့သည် ထီလုံကျေးရွာရှိ ကိုယ်ဝန်ဆောင် မိခင် ၁၂၃ ဦး အသက်(၂)နှစ်အောက်ကလေးငယ် ၁၆၉ ဦး စုစုပေါင်း ၂၉၂ ဦးတို့အား တတိယအကြိမ်နှင့်စတုတ္ထအကြိမ် ထောက်ပံ့ကြေး တစ်ရာနှစ်ဆယ့်လေးသိန်း ငါးထောင်ကျပ်ကိုလည်ကောင်း၊ ပိုင်ကျုံမြို့ရှိ ကိုယ်ဝန်ဆောင်မိခင် ၁၈၇၈ ဦး၊ အသက်(၂)နှစ်အောက်ကလေးငယ် ၂၀၃၅ ဦး၊ စုစုပေါင်း ၃၈၂၂ ဦးအတွက် ငွေကျပ်တစ်ထောင်ခြောက်ရာခြောက်ဆယ် ခြောက်သိန်းငါးထောင်ကျပ်ကိုလည်ကောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၃၆၀၈ ဦး၊ အသက်(၂)နှစ် အောက်ကလေးငယ် ၄၅၁၈ ဦးအတွက် ငွေကျပ် သိန်းသုံးထောင်ငါးရာသုံးဆယ်လေးသိန်းခုနှစ်သောင်းငါးထောင်ကျပ်ကို လည်ကောင်း၊ ရွှေဂွန်းကျေးရွာရှိ ကိုယ်ဝန်ဆောင်မိခင် ၂၀၂ ဦး၊ အသက်(၂)နှစ် အောက်ကလေးငယ် ၂၇၇ ဦး၊ စုစုပေါင်း  ၄၇၉ ဦးအတွက် ငွေကျပ် နှစ်ရာငါးသိန်းသုံးသောင်းငါးထောင်ကျပ်ကိုလည်ကောင်း၊ ရှမ်းရွာသစ်မြို့ရှိ ကိုယ်ဝန်ဆောင်မိခင် ၈၂၃ ဦး၊ အသက်(၂)နှစ် အောက်ကလေးငယ် ၇၃၈ ဦး၊ စုစုပေါင်း  ၁၅၆၁ ဦးအတွက် ငွေကျပ် ခြောက်ရာရှစ်ဆယ်ငါးသိန်း ရှစ်သောင်းကျပ်ကို လည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပြီး အာဟာရဖြည့်စွက်မုန့်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)