နေပြည်တော် ၂၉  သြဂုတ်

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဥပဒေရေးရာအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် နှစ်နိုင်ငံရှေ့နေချုပ်ရုံးများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ဆွေးနွေးကြသည်။

သတင်းစဉ်