မောင်တော ၂၉ သြဂုတ် 

 

ပြည်တွင်းပြည်ပ သတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိကြပြီး အငူမော်မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် မောင်တောမြို့သို့ ရောက်ရှိကြသည်။
    

မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တွေ့ဆုံရာ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးက သတင်းမီဒီယာအဖွဲ့၏  သိရှိလိုသည်များကို ဖြေကြားသည်။ 
    

ထို့နောက် သတင်းမီဒီယာအဖွဲ့သည် လှဖိုးခေါင်ကြားစခန်းသို့  ရောက်ရှိကြရာ လှဖိုးခေါင်ကြား စခန်းတာဝန်ခံ ဦးစိုးရွှေအောင် (ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန)က ရှင်းလင်း ဖြေကြားသည်။ 


သတင်းမီဒီယာအဖွဲ့တွင် Courrier Japon ၊ Nishinipon Shimbun ၊ Nippon TV ၊ VOA ၊ BBC ၊ MRTV ၊ MITV ၊ MIR နှင့် MNA သတင်းဌာနတို့မှ သတင်းသမားများ ပါရှိသည်။


သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက် သတင်းရယူမှုအနေဖြင့် ယခုအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း ၃၄ ကြိမ် ရှိပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ၁ ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၈ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင်  အကြိမ် ၂၀၊  ၂၀၁၉ ခုနှစ်တွင် ၅ ကြိမ်ဖြစ်ကြောင်း  သိရှိရသည်။ 


သတင်းစဉ်