ရန်ကုန်  ၂၉ သြဂုတ်

မလေးရှားနိုင်ငံ၏ (၆၂)နှစ်မြောက် အမျိုးသားနေ့၊ (၅၆)နှစ်မြောက် မလေးရှားနိုင်ငံ တည်ထောင်သည့် နေ့နှင့် (၈၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်၌ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း တက်ရောက်သည်။

 

mdn

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် မလေးရှားနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး Mr.Zahairi Bin Baharim  နှင့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြပြီး မလေးရှားနိုင်ငံ (၆၂)နှစ်မြောက် အမျိုးသားနေ့၊ (၅၆)နှစ်မြောက် မလေးရှားနိုင်ငံ တည်ထောင်သည့်နေ့နှင့် (၈၆)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။

 

mdn

 

ယင်းနောက် သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့သည် တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိနိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်းစဉ်