နေပြည်တော် ၂၉ သြဂုတ်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေးဆိုင်ရာ နည်းပညာကို အသုံးပြု၍ နိုင်ငံတော်တစ်ဝန်းလုံးတွင် ဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်ပြီး အများပြည်သူ ဆက်သွယ်အသုံးပြုနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန်အတွက် 700 MHz Frequency Band ကို WRC-15 ၏ ဆုံးဖြတ်ချက်နှင့်အညီ IMT (International Mobile Telecommunications) လှိုင်းနှုန်းအဖြစ် သတ်မှတ်ချထားပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်လိုက်သည်။
    
ယင်းထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ် ဇူလိုင် ၁၇ ရက်က ထုတ်ပြန်ခဲ့ပြီးဖြစ်သော Technical Specifications for Short Range Devices (SRD) တွင် သတ်မှတ်ပေးထားသည့် (470 MHz – 806.00 MHz) ကို (470.00 - 702.00 MHz)  နှင့် (804.00 - 806.00 MHz) ဖြင့် ပြင်ဆင်သတ်မှတ်ကြောင်း သိရသည်။
    
အဆိုပါ Technical Specifications for Short Range Devices (SRD) ပြင်ဆင်သည့် Amendment Notice ကို ဦးစီးဌာန၏ Website ဖြစ်သည့် www.ptd.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 သတင်းစဉ်