ရန်ကုန် ၃၀ သြဂုတ်


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပမည့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများနှင့် Collective Management Organization (CMOs)  အကြောင်း သိကောင်းစရာ စကားဝိုင်းကို သြဂုတ် ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှ  ညနေ ၄ နာရီအထိ ရန်ကုန်မြို့ အမှတ်(၂၁၂) ၊ သိမ်ဖြူလမ်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း(ရွှေဥဒေါင်းခန်းမ)၌ ကျင်းပမည်ဖြစ်ရာ အဆိုပါ စကားဝိုင်းကို Myanmar Digital News လူမှုကွန်ရက်စာမျက်နှာ (facebook) မှ Live လွှင့်မည်ဖြစ်သည်။


စကားဝိုင်းကို ဦးသန်းမောင်(စစ်တွေ)(ဥပဒေပညာရှင်)၊ ဒေါက်တာနွယ်ရီဝင်း(ညွှန်ကြားရေးမှူး ၊ မူပိုင်ခွင့်ဌာနခွဲ၊ ပညာရေးဝန်ကြီးဌာန)၊ ဦးမျိုးအောင်(ထုတ်ဝေသူ၊ပြည့်စုံစာအုပ်တိုက်)၊ ဦးမြင့်ထွန်း(ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း) နှင့် ဆရာကြည်ရွှန်း (စာရေးဆရာ) တို့က ပါဝင်ဆွေးနွေးမည်ဖြစ်ပြီး မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက Moderator အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။


MDN