ဆော ၃၀ သြဂုတ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာနသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ဆောမြို့နယ်၏စာရင်းကောက်ကွက်မြေပုံ(၁၁)ကွက်၌ တိကျမှန်ကန်သည့်စာရင်း များရရှိစေရန်၊ မြေပြင်ပေါ်၌လက်ရှိ အခြေအနေများနှင့် ကိုက်ညီစေရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သြဂုတ် ၂၉ ရက်က ဆောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းနှင့် ဝန်ထမ်းများ၊ ဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြူဝင်းနှင့် အဖွဲ့ဝင်များတို့ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ဇေယျာရပ်ကွက်သို့ကွင်းဆင်းကာ မြေပြင်အခြေအနေနှင့် ကိုက်ညီသည့်စာရင်းကောက်ကွက်မြေပုံ
များ Update ပြုလုပ်ခြင်းနှင့် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


