ဆော  ၃၀  သြဂုတ်   

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ငါးလွန်းကျေးရွာအုပ်စု၊ ငါးလွန်းကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) တတိယနှစ် စက်ဝန်းဖြင့် ဆောင်ရွက်သည့် မူလတန်းလွန် နှစ်ထပ်စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြိီဖြစ်ကြောင်း ဆောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

“ငါးလွန်းကျေးရွာမူလတန်းလွန်ကျောင်းသည် ကျောင်းသား၊ ကျောင်းသူဦးရေ(၇၅)ဦးရှိပြီး ယခင်စာသင်ခန်း လောက်လုံမှု နည်းပါးခြင်းကြောင့် အခက်အခဲများရှိကြောင်း၊ အခုလို မိုးလုံ၊ လေလုံဖြင့် ပညာသင်ကြားခွင့်ရရှိတာကြောင့် အရမ်းဝမ်းသာမိပါတယ်လို့”  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေမင်းစိုး ကပြောသည်။

 

mdn

 

အဆိုပါ နှစ်ထပ်စာသင်ကျောင်းဆောင်ကို အလျား ၆၀ ပေ၊ အကျယ် ၃၀ ပေ  အမြင့်  ပေ တည်ဆောက်ခြင်းလုပ်ငန်းအား လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၃၄၁ ဒသမ ၉၇ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၅၁ ဒသမ ၆၅ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုတို့ ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် လမ်းလုပ်ငန်း ၂၄ ခု၊ တံတားလုပ်ငန်းငါးခု၊ မီးလင်းရေးလုပ်ငန်း ၃၃ ခု၊ ရေပေးရေးလုပ်ငန်းခြောက်ခု၊ စာသင်ကျောင်းဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း  ၁၉ ခု၊ စာသင် ကျောင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းတစ်ခု၊ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းငါးခု၊  ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း လုပ်ငန်း ၁၈ ခု တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။ 

စိုးမိုးကျော်