နေပြည်တော် ၃၀ သြဂုတ်  

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Mr. Sok Chea အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ထပ်မံတိုးမြှင့်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို ကမ္ဘောဒီးယားနိုင်ငံက နားလည်ပေးပြီး အာဆီယံနှင့်တကွ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးလျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ၊ ကုန်စည် ပြပွဲဆိုင်ရာများ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာ၊ အားကစားဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ စေလွှတ်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်