သထုံ ၃၁ သြဂုတ်


မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဍဝတီမြို့ ကျိုက်ကော်ရပ်ကွက် အောက်ကျင်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းလာမှုတို့ကြောင့် သြဂုတ် ၃၁ ရက် နံနက် ၄ နာရီခွဲမှ စတင်ကာ နံနက် ၉ နာရီခွဲအချိန်ထိ ရန်ကုန်-မော်လမြိုင်ကားလမ်းမ မိုင်တိုင်အမှတ်(၁၃၈/၆)နှင့် (၁၃၉/၂)အကြားတွင် ရေ ၂ ပေကျော်ခန့် ရေလွှမ်းမိုးမှုဖြစ်ပွားနေကြောင်း သိရသည်။


ကားလမ်းမရေကျော်မှု ဖြစ်ပွားသည့်နေရာတွင် နံနက် ၆ နာရီခန့်မှ စတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားပြီး လက်ရှိအချိန်တွင် ရေများကျဆင်းသွားခြင်းမရှိသေးသည့်အတွက် ကားလေးများအား ရပ်ကွက်အတွင်းရှိ လမ်းလွဲပိုင်းမှ ဖြတ်သန်းသွားလာလျက်ရှိနေပြီး ကားကြီးများအား ခေတ္တသွားလာခွင့်ပိတ်ထားကြောင်း သိရသည်။


အဆိုပါရေလွှမ်းမိုးရာ ကားလမ်းမတစ်လျှောက် မောင်းနှင်သွားလာနေကြသော ယာဉ်များ၊ ခရီးသွားပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစေရေးအတွက် မြို့နယ်/မြို့/ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များတို့က  ကူညီဆောင်ရွက်ပေးလျက်ရှိနေကြောင်း သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

ge 001.j