တံတားဦး ၃၁ ဩဂုတ်


မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးတက္ကသိုလ်မှ  နောက်ဆုံးနှစ် ကျောင်းသား/သူများသည် ယနေ့နံနက်(၉)နာရီက ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဈေးချိုကျေးရွာအုပ်စု၊ မီးသွေးတိုက်ကျေးရွာအုပ်စုနှင့် ဥတည်ကျေးရွာအုပ်များသို့ အခမဲ့လက်တွေ့ ကွင်းဆင်းဆေးကုသကြကြောင်း သိရသည်။


အဆိုပါကွင်းဆင်းဆေးကုသရာသို့ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုသရေးဌာနမှ ဦးစီးမှူး ဦးဇော်လင်းထင်နှင့် ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။


ကျွန်တော်တို့အဖွဲ့မှာ နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူ(၆၈)ဦး၊ ကြီးကြပ်သူဆရာ/ဆရာမ(၃၅)ဦး တို့ပါရှိပါကြောင်း၊ ယနေ့ဆောင်ရွက်သည့် လုပ်ငန်းမှာ ဆေးလက်တွေ့ ကွင်းဆင်းကုသရေး၊ သုတေသနစစ်တမ်းကောက်ယူရေးနှင့် ပြည်သူ့ဘဝလေ့လာရေး စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကျွန်တော်တို့အဖွဲ့ဟာ ယနေ့တွင် အဖွဲ့သုံးဖွဲ့ခွဲ ၍ အခမဲ့ကုသဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းဆေးပညာဌာန တွဲဘက်ပါမေက္ခ/ဌာနမှူး ဦးဌေးလွင်ထံမှ သိရသည်။


 ရဲတင့်