ဘောလခဲ ၃၁ သြဂုတ်
ကယားပြည်နယ်၊ ဘောလခဲမြို့တွင် မြို့နယ်ဥပဒေရုံးသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှေ့တွင် ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ကယားပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်အုန်းချိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်ဥပဒေရုံးသစ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်တို့က အမှာစကားပြောကြားပြီး ကောင်းစုသျှန်ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဒေါ်သူဇာအောင်က ရုံးနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်းထံသို့ လွဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ်က ဘောလခဲမြို့နယ်ဥပဒေရုံးသစ်ဖွင့်လှစ်ပေးနိုင်ခဲ့မှုအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ဘောလခဲရဲစခန်းတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ပံ့ပိုးငွေကျပ်(၂၁)သိန်းပေးအပ်ခဲ့ပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနနှင့် စုပေါင်းဂိတ်တွင် ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဖိုးရယ်


