ကန့်ဘလူ ၃၁ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ကန့်ဘလူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၆)အုပ်စုမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့များအား အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမ္မာန်၌ ဩဂုတ် ၃၁ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲမရှင်အဖွဲ့ခွဲ (၉၆)ဖွဲ့မှ သင်တန်းသား/ သင်တန်းသူ (၁၉၂)ဦး တက်ရောက်ခဲ့သည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ဖွဲ့စည်းပုံးနှင့် လုပ်ငန်းတာဝန်များအား ဆွေးနွေးပို့ချခဲ့သည်။ ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမြင့်ထွန်းအောင်မှ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များအားလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်စုမာခိုင်မှ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှင့် ရပ်/ကျေးလုပ်ငန်းလမ်းညွှန်အားလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယဦးစီးမှူး ဦးသက်အောင်မှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ/နည်းဥပဒေများအားလည်းကောင်း ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
တက်ရောက်လာသူသင်တန်းသားများမှ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကြပြီး တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)


