ညောင်လေးပင်  ၃၁   သြဂုတ် 


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်သော ကျေးရွာများသို့ ယူနီဆပ် (Unicef) ထောက်ပံ့ပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို သြဂုတ်လ ၃၁ ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေ့ဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်မျိုးက Unicef ထောက်ပံ့ပစ္စည်းရရှိမှုနဲ့ ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ကြူကြူအောင်က ရေသန့်ဆေးသုံးဆွဲမည့်နည်းလမ်းများအား ရှင်းလင်းပြောကြားသည်။ 


ထို့နောက် ရေကြီးနစ်မြုပ်သော ကျေးရွာအုပ်စု (၆)အုပ်စုရှိ အုပ်ချုပ်ရေးမှူးများအား တာဝန်ရှိသူများက Unicef ထောက်ပံ့ပစ္စည်းများဖြစ်သော  Hygiene Kit ၅၀ ဖာ ၊ 20 L Bucket ၁၅ ခု နှင့်  Water Purification Scatchet ၅ ဖာ တို့အားလွှဲပြောင်းပေးအပ်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်နှင့် ဌာနဆိုင်ရာများ၊ ရေကြီးနစ်မြုပ်သော ရေပေါ်သောင်၊ သောင်ကြီး၊ အင်းဝိုင်း၊ အင်းချောင်၊ ချောင်းကျိုး၊ ဂျောင်းတာ ကျေးရွာအုပ်စုများမှ  အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာများသို့ တွင်းဆေးတွင်းမှုတ်ခြင်းနှင့် ဆေးခပ်ခြင်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နေလင်း (ညောင်လေးပင်)