ဝေါ ၃၁  သြဂုတ် 

ပဲခူးတိုင်းဝန်ကြီးချုပ်သည် ယနေ့နံနက် ၉ နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ် တနော်ကျွန်းကျေးရွာ အုန်းတောကျောင်းတိုက် ဓမ္မာရုံ၌ ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး၊ အခက်အခဲပြဿနာများ ပေါင်းစပ်ညှိနှုင်းဖြေရှင်းပေးရန် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တနော်ကျွန်းကျေးရွာ အုန်းတောကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးအား ဖူးမျှော်ကန်တော့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တနော်ကျွန်းကျေးရွာအုပ်စု အတွင်းရှိ တနော်ကျွန်း၊ အုတ်ဖို၊ဆက်သွားခြုံ၊ ပုဂံ၊ ဂွေ့ကြီး စသည့်ကျေးရွာများမှ ပြည်သူ ၂၅၀  ခန့်တက်ရောက်ကြကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)