မြစ်ကြီးနား ၃၁ ဩဂုတ် 


၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဂုဏ်ပြုဆုနှင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တက်ရောက်အားပေးသည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့လူငယ်မောင်မယ်များကို ပြောကြားလိုတာကတော့ အဓိကစာရိတ္တကောင်းဖို့လိုပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကို ရှောင်ကြဉ်ရန်လိုကြောင်း၊ စာကိုကျိုးစားသင်ယူပြီး ထူးချွန်တဲ့လူငယ်များဖြစ်စေရန် လိုအပ်ကြောင်း၊ ယနေ့ကျောင်းပြီး၍ ပြင်ပလောကသို့ လျှောက်လှမ်းကြမယ့် လူငယ်လူရွယ်များအနေဖြင့်လည်း ထူးချွန်သည့် အနာဂတ် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ကြိုးပမ်းအားထုတ်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။


ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးHလအောင်တို့က ဆုံးမဩဝါဒစကားများပြောကြားကြပြီး တက္ကသိုလ် ကချင်တိုင်းရင်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ပါမောက္ခ/ဌာနမှူး ပထဝီဝင်ဌာနမှ ဒေါက်တာဂျာခမ် က ကျောင်းသား/ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်ဂုဏ်ပြုစကားပြောကြားသည်။


ဆက်လက်၍ အသင်း၏အတွင်းရေးမှူး စိတ်ပညာစတုတ္ထနှစ်မှ မောင်ဟောင်းဂျုံးက နှုတ်ဆက်စကားပြောကြားပြီး ပထမနှစ်ကျောင်းသား/ကျောင်းသူများကိုယ်စား မောင်မကျန်ဇော်ဂျတ်အောင်က ကျေးဇူးတင်စကားပြောကြားခြင်းနှင့် နောက်ဆုံးနှစ်ကျောင်းသား/ကျောင်းသူများကိုယ်စား မောင်ဇော်ဆိုင်းလီက နှုတ်ဆက်စကားပြောကြားကြသည်။


ထို့နောက် ပထမနှစ်မှ မဟာတန်းအထိ ဘာသာရပ်အလိုက်စာပေတွင် ပထမဆုရသူများနှင့် အားကစားထူးချွန်သူများအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီး၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်ကြီး၊ ဒုတိယပါမောက္ခချုပ်များနှင့် အငြိမ်း စားပါမောက္ခဆရာမကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကတက္ကသိုလ်က ချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအတွက် အလှူငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ သံစုံတေးသီချင်းများ၊ ရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း ပြနည်နယ်ပြန်/ဆက်မှ သိရသည်။


MDN

 

DSC_26