ဘုတ်ပြင်း  ၃၁ သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့တွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီ၊ ကာတွန်းနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်က အထက-ဘုတ်ပြင်းကျောင်းတွင် ကျင်းပခဲ့သည်။

 

mdn

 

အဆိုပါပြိုင်ပွဲတွင် လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းကာကွယ်  ခေါင်းစဉ်ဖြင့် အခြေခံပညာကျောင်းများမှ (ထက်၊လယ်၊မူ)ကျောင်းသားကျောင်းသူများက ပန်းချီပြိုင်ပွဲတွင်(၄၁)ဦး၊ ကဗျာပြိုင်ပွဲတွင်(၃၅)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် (၁၆)ဦး စုစုပေါင်းကျောင်းသားကျောင်းသူ( ၉၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုအား မြို့နယ်အဆင့်ဌာနဆိုုင်ရာများနှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေးကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN