မြိတ် ၃၁ ဩဂုတ်
မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၅)ရွာမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေကတ်ပြားပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်းက အမှာစကား ပြောကြားပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်းအားဆိုင်ရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်း က မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၅)အုပ်စုမှ ကျေးရွာပေါင်း(၁၅)ရွာတွင် အသက် ၁၈ နှစ်အောက် နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၇၂၂)ခုနှင့် အသက် ၁၈ အထက် နိုင်ငံသား စိစစ်ရေးကတ်ပြား (၉၇၀)ခု စုစုပေါင်း နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၆၉၂)ခုကို ဆောင်ရွက်ပြီးစီးမှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းမြစ်ဝန်ကြီး ဦးကျော်မင်းနှင့် တာဝန်ရှိသူများက နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၆၉၂)ခုအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


