လဲချား ၃၁ ဩဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါဘဏ်ရှေ့၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်မန်နေဂျာ ဦးခွန်ဆန်းမြင့်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးသန်းနိုင်နှင့် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျတို့က မြန်မာ့စီးပွားရေးဘဏ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်မန်နေဂျာ ဦးခွန်ဆန်းမြင့်က မြန်မာ့စီးပွားရေးဘဏ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျက မြို့နယ်အတွင်း မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦသစ် ဖွင့်လှစ်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အဆိုပါ မြန်မာ့စီးပွားရေးဘဏ်သစ်အား တာဝန်ယူ ဆောက်လုပ်ပေးခဲ့သော မြမိုရ်စံကုမ္ပဏီက Air Con တစ်စုံလှူဒါန်းပေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


