စစ်ကိုင်း ၃၁  သြဂုတ်


ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်လွဲ ၃ နာရီက စစ်ကိုင်းမြို့နယ် နတ်ခရိုင်ကျေးရွာရှိ ဓမ္မကာရီကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကျေးလက်လမ်းဦးစီးဌာနတို့က မိမိတို့ဌာနမှ လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသည့် ပြည်သူများက ကျေးလက်လမ်း၊ ကျေးလက်ရေရှိရေး၊ ကျေးလက်မီးလင်းရေးနှင့် ကျေးရွာဆေးပေးခန်း ဆောက်လုပ်သွားမည့် အခြေအနေများကို မေးမြန်းဆွေးနွေးကြရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။


အဆိုပါ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။  


MDN