ပုလော  ၁  စက်တင်ဘာ

ပုလောမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံကျောင်းပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ် ၃၁ ရက် မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။

 

7942

 

အဆိုပါ အမျိုးသမီး ဘော်လုံးပြိုင်ပွဲတွင် အသင်း (၇)သင်းဖြင့် သြဂုတ် ၂၅ ရက်မှစတင်၍ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဗိုလ်လုပွဲတွင် ပထမဆုကို အ.ထ.က ပုလောအသင်းမှ ရရှိ၍ ဒုတိယဆုကို ကျောင်းနိမ့်အသင်းက ရရှိခဲ့သည်။

 

7963

 

ယင်းနောက် ပထမဆုရရှိသည့် အ.ထ.က ပုလောအသင်းအား တာဝန်ရှိသူများက တစ်ဦးချင်း ရွှေတံဆိပ်ဆု၊  ငွေသားဆု၊  မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားနှင့် ဒုတိယဆုရရှိသည့် ကျောင်းနိမ့်အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုနှင့် ငွေသားဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထူးဝေယံ(ပြန်/ဆက်)