နေပြည်တော်  ၁  စက်တင်ဘာ 


မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ဆောင်ရွက်နေသည့် အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းစဉ်များအား International Engineering Alliance အဖွဲ့ချုပ်မှ Washington Accord Provisional Signatory အဖြစ် အသိအမှတ်ပြုခြင်းနှင့် Federation of Engineering Institutions in Asia Pacific အဖွဲ့ချုပ်က FEIAP Engineering Education Guidelines Compliance 2nd Level အဖြစ် အသိအမှတ်ပြု အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။


ဂုဏ်ပြုညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌနှင့် Engineering Institutions in Asia Pacific အဖွဲ့ချုပ် President Elect ဖြစ်သူ ဒေါက်တာချာလီသန်းက International Engineering Alliance အဖွဲ့ချုပ်မှ Washington Accord Provisional Signatory အဖြစ် အသိအမှတ်ပြုလက်မှတ်နှင့် Federation of Engineering Institutions in Asia Pacific အဖွဲ့ချုပ်က FEIAP Engineering Education Guidelines Compliance 2nd Level အဖြစ် အသိအမှတ်ပြုလက်မှတ်များကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ထံသို့ နာယကကြီးများနှင့် Past President များရှေ့မှောက်တွင် အပ်နှံသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နာယကကြီးများနှင့် Past President များအား Certificate of Appreciation များ  ပေးအပ်သည်။


ထို့နောက် Federation of Engineering Institutions in Asia Pacific အဖွဲ့ချုပ် Engineering Education Standing Committee ဥက္ကဋ္ဌ Prof.  Dr. ChuahHeanTeik မှ ပေးပို့လာသော သဝဏ်လွှာကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ချိုဝင်းမော်က ဖတ်ကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကကြီးများနှင့် Past President များက အင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ် အသိအမှတ် ပြုရေး လုပ်ငန်းကော်မတီ၏ အရည်အသွေးစိစစ်အကဲဖြတ် အဖွဲ့ဝင်များနှင့် အလှူရှင်များကို Certificate of Appreciation များ တစ်ဦးချင်းပေးအပ်သည်။ 


(သတင်းစဉ်)