မြင်းခြံ  ၂  စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  မြင်းခြံမြို့တွင် ဆည်ရေစီမံခန့်ခွဲမှု ရက်တိုသင်တန်းကို ဆည် မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲ(ပဲခူး)မှ လာရောက်၍ မြင်းခြံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန ရုံးတွင် ဩဂုတ်လနောက်ဆုံးပတ်အတွင်းက စတင်ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရှိရသည်။ 

 

w

 

အဆိုပါသင်တန်းတွင် ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင်းရေးဌာနခွဲ(ပဲခူး)မှ ဒုတိယညွှန်ကြားရေး မှူး ဒေါက်တာမောင်မောင်နိုင်က ဆည်မြောင်းနှင့် ပတ်သက်သော ပညာရပ်များ ရေထုထည်စီးနှုန်းတိုင်းတာခြင်း လုပ်ငန်းများစသည်တို့ကို သင်ကြားပို့ချခဲ့သည်။

 

w3

 

လက်တွေ့ဆောင်ရွက်မှုလုပ်ငန်းများကို ဆိတ်ညံမြစ်ရေတင်ရေသောက် စနစ် လက်တံမြောင်း(၄)နှင့် (၅) တို့တွင် ရေထုစီးနှုန်းတိုင်းတာခြင်းလုပ်ငန်းများအား သင်တန်းသားများကိုယ်တိုင် ဆောင်ရွက်စေခဲ့ပြီး သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ ဆည်ရေခန့်ခွဲမှု ရက်တိုသင်တန်းကို မြင်းခြံခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံး (ဆည်မြောင်း)မှ သင်တန်းသားများ ၊ လက်ထာက်ညွှန်ကြားရေးမှူးရုံး(ရေအရင်းမြစ်)မှ သင်တန်းသားများ စုစုပေါင်း (၅၁)ဦး တက်ရောက်ခဲ့ကြောင်းနှင့် စာတွေ့လက်တွေ့သင်ကြားပို့ချမှုများကို (၂)ရက်ကြာ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ဦးဇော်မင်းနိုင်(မြင်းခြံ)