မန္တလေး ၂ စက်တင်ဘာ
3rd Mr. Tourism Upper Myanmar နှင့် 3rd Miss & 4th Mrs. Beauty Empress Upper Myanmar 2019 ( Shan State Region ) ပြိုင်ပွဲအတွက် ရှမ်းပြည်နယ်ကိုယ်စားပြု အလှမောင် ၊ အလှမယ် ရွေးချယ်ပွဲကို မန္တလေးမြို့မှာ အောက်တိုဘာလ အတွင်းကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် Biker အစီး ၃၀ ဖြင့် ပြိုင်ပွဲဝင်များအား တင်ဆောင်ကာ မန္တလေးမြို့တွင်း လှည့်လည်မည့် အစီစဉ် ၊ ပြိုင်ပွဲတွင် ရှမ်းတိုင်းရင်းသားအကများ ၊ ခေတ်ပေါ်အကများ ၊ အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
Biker အစီးသုံးဆယ်နဲ့ ပြိုင်ပွဲဝင်တွေကို စုရပ်တနေရာကနေ biker တွေက တစ်စီးကို တစ်ယောက်နှုန်းနဲ့တင်လာပြီး ဟိုတယ်ကို ခေါ်လာတဲ့ပုံ ကျင်းပမှာဟု အဆိုပါပြိုင်ပွဲ၏ Regional Director မလွမ်းအေမိုင်က ပြောသည်။
အဆိုပါပြိုင်ပွဲအတွက် လူတွေ့စစ်ဆေးပွဲကို စက်တင်ဘာလ ၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
3rd Mr. Tourism Upper Myanmar နှင့် 3rd Miss & 4th Mrs.Beauty Empress Upper Myanmar 2019 ( Shan State Region ) ပြိုင်ပွဲအတွက် ရှမ်းပြည်နယ်ကိုယ်စားပြု အလှမောင် ၊ အလှမယ်ရွေးချယ်ပွဲကို အောက်တိုဘာလ ၁ ရက် မှာ မန္တလေးမြို့ Hotel Marvel တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်
3rd Mr Tourism Upper Myanmar & 3rd Miss & 4th Mrs Beauty Empress Upper Myanmar ( 2019)


