နေပြည်တော် ၂ စက်တင်ဘာ 

 

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ Gala Dinner & Award Night အခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Novotel Hotel၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးအောင်မြင့်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည် ။ 

 

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးအောင်မြင့်က  ပြည် ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် အသင်းချုပ် နာယကကြီးများကို ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်သည် ။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်၊ အသင်းချုပ် ဉက္ကဌနှင့် တာဝန်ရှိ သူများက  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ ကုမ္ပဏီအသင်းသားများနှင့် အကြီးတန်း အသင်းသားများအား  ဂုဏ်ပြုလက်မှတ်များ ပေးအပ်ကြသည်။  

 

(သတင်းစဉ်)