၂ စက်တင်ဘာ

ဟောင်ကောင် အထက်တန်းကျောင်းသူ ကျောင်းသာတွေက အစိုးရကျောင်းတွေမှာ ကျောင်းမတက်ခင် ဒီကနေ့(တနင်္လာနေ့) နံနက်ပိုင်းက လူသားအတန်းလိုက်ဖြစ်အောင် တစ်ယောက်နဲ့တစ်ယောက် လက်ချင်းချိတ် လိုက်ပါတယ်။ တချို့ကျောင်းသူကျောင်သားတွေက မျက်နှာဖုံး၊ ဦးထုတ်အမာ နဲ့ ဂါ့ဂယ် မျက်မှန်ပါ တပ်ဆင်ထားတာမျိုး တွေ့ရပါတယ်။ ဒီကနေ့က စာသင်နှစ်ရဲ့ ပထမဦးဆုံးနေ့ဖြစ်ပါတယ်။ 

 

51

 

ဆန္ဒပြတဲ့အနေနဲ့ အထက်တန်းကျောင်း ၂၀ဝ က ကျောင်းသူကျောင်းသာ ၁၀ဝ၀ဝ လောက်က ကျောင်းမတတ်ကျောင်းကြောင်း ဒီသပိတ်ဟာ နှစ်ရက်ကြာမှာဖြစ်ကြောင်း ဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါတယ်။ 

 

30

 

ဒါ့အပြင် လူသုံးများတဲ့ ရုံးဆင်းရုံးတက်ချိန်မှာ ရထားလမ်းဆက်သွယ်ရေးမှာ အနှောက်အယှက်ဖြစ်အောင် ရထားတံခါးဝမှာ ပိတ်ရပ်နေခြင်းဖြင့် ရထားသွားလို့မရအောင် လုပ်ဆောင်ကြပါတယ်။ 

 

399

 

အထက်တန်းကျောင်းတစ်ကျောင်းတွင် ဟောင်ကောင်ပညာတတ် ဒေါက်တာဆွန်ယက်ဆင်ရဲ့ ရုပ်ထုကိုပါ ဓါတ်ငွေ့ကာကွယ်တဲ့  မျက်နှာဖုံးနဲ့ ဂါ့ဂယ်မျက်မှန်ပါတပ်ဆင်ပေးပြီး ဆန္ဒပြတာကိုပါ တွေ့ရပါတယ်။ 

ကမ္ဘာ့ဘဏ္ဍရေးရဲ့ အချက်အချကျတဲ့ ဟောင်ကောင်မှာ ခေါင်းဆောင်မှုမရှိဘဲ ဆန္ဒပြပွဲတွေမှာ လူသိန်းချီပြီး လမ်းပေါ်ထွက်လာအောင် လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူ တစ်ဦးက ဟောင်ကောင်ဟာ သူတို့အိမ်ဖြစ်တယ်။ ဟောင်ကောင်ရဲ့ အနာဂတ်ကို ကယ်တင်ဖို့ တာဝန်ရှိတယ်။ အဲဒီမြို့မှာ လွတ်လပ်မှုမရှိရင် ပညာရေးအောင်မြင်မှုဟာ ဘာမှအရေးမပါတော့ဘူးလို့ ပြောပါတယ်။  

ဆန္ဒပြနေသူတွေက လက်ရှိဟောင်ကောင် အုပ်ချုပ်ရေးမှာ တရုတ်အစိုးရရဲ့လွှမ်းမိုးမှုရှိတဲ့ အခြေအနေဖြစ်တာကြောင့် အဲဒီစနစ်ကို ဖျက်သိမ်းပြီး ဟောင်ကောင်အုပ်ချုပ်ရေးမှူးကအစ အမတ်တွေ အားလုံးကို လူထုက တိုက်ရိုက် ရွေးချယ်ချင်ကြပါတယ်။ 

တနင်္ဂနွေနေ့က ဟောင်ကောင်လေဆိပ်မှာ ပိတ်ပြီး ဆန္ဒပြနေတဲ့အတွက် လေယာဉ်ခရီးစဉ် အနည်းဆုံး တစ်ဒါဇင်လောက် ဖျက်သိမ်းခဲ့ပါတယ်။ 
စနေနေ့ကလည်း ဟောင်ကောင်မြို့လယ်ခေါင်မှာ မီးရှို့တာမျိုးနဲ့ ဓါတ်ဆီဗုံးတွေနဲ့ အဓိကရုန်းနှိမ်နင်းရေးရဲတွေကို ပစ်ပေါက်တဲ့အထိ ဆန္ဒပြခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ဓါတ်တုဆေးပါတဲ့ မီးသတ်ပိုက်နဲ့ နံပတ်ဒုတ်တွေပါ သုံးပြီး ဖြိုခွင်းခဲ့တာကို တွေ့ရပါတယ်။ 

MDN
ကိုးကား - AFP