ကောလင်း ၂ စက်တင်ဘာ
ကောလင်းမြို့နယ်ရှိ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ရေဘေးသင့် ပြည်သူများအတွက် လူမှုရေးအသင်းအဖွဲ့များဖြင့် သဘင်အစည်းအရုံး၊ ရေဘေးအလှူငွေလက်ခံရေးကော်မတီတို့မှ အလှူခံမဏ္ဍပ်ဖွင့်ဆောင်ရွက်ခဲ့ရာ ကောလင်းမြို့နယ်မှ ရဟန်းရှင် ပြည်သူအလှူရှင်များ၊ ဌာနဆိုင်ရာများ၊ အခြားအလှူရှင်များ၏ စေတနာအလျောက်လှူဒါန်းငွေ စုစုပေါင်း (၃၀၃) သိန်းခန့်နှင့် သင်္ကန်း၊ အဝတ်အထည်၊ ဆန်၊ ဆီ အခြားအသုံးအဆောင်ပစ္စည်းများ လက်ခံရရှိခဲ့ပြီး လှုမှုရေးအသင်းအဖွဲ့များမှ ဦးဆောင်၍ သွားရောက်ပေးအပ်မည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


