လှည်းကူး  ၃ စက်တင်ဘာ


ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ကြီးမှူး၍ ကြွက်အန္တရာယ်ကာကွယ်နှိမ်နင်းရေးနှင့် သီးနှံအလိုက် ပိုးမွှားရောဂါကာကွယ်ရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက်နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 


ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ရွှေက တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒေါက်တာညိုမီထွေးက ကြွက်အန္တရာယ် ကာကွယ်နှိမ်နင်းရေး နည်းလမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါက်တာစန်းစန်းဝင်းက သီးနှံအလိုက်ပိုးမွှားရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းပညာများ၊ Call Center များသို့ တိုက်ရိုက်ချိတ်ဆက်နိုင်သည့် နည်းများနှင့်ပတ်သက်၍လည်းကောင်း ကဏ္ဍအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


ဆွေးနွေးပွဲသို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နိုင်လင်း(လှည်းကူး)