ဖရူဆို   ၃   စက်တင်ဘာ 


ဖရူဆိုမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများသည့် ဒရုန်းဖြင့် ငမြောင်တောင်ပိုးအား ဆေးဖျန်းခြင်းကို ဆိုးလျားကူးကျေးရွာ၊ ကွင်းအမှတ် ၈(က)/၈(ခ) တွင် ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ ဒရုန်းဖြင့် ငမြောင်တောင်ပိုး ဆေးဖြန်းခြင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်း တက်ရောက် ကြည့်ရှုပြီး၊ ယင်းဒရုန်းဖြင့် ဆေးဖြန်းခြင်းကို ဆိုးလျားကူးကျေးရွာ တောင်သူ ၄၀ ၏ ဧက ၆၀ အား တစ်ရက်လျှင် ဧက၂၀ နှုန်းဖြင့် ဧက၆၀ ဆေးဖျန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)