၃ စက်တင်ဘာ
ဟာရီကိန်းမုန်တိုင်း ဒိုရီယန် ဘဟားမားစ် နိုင်ငံကို တိုက်ခတ်ခဲ့ရာ အများအပြားပျက်စီးခဲ့ပြီးနောက် အရှေ့တောင်ဘက် ကမ်းရိုးတန်းကို ချဉ်းကပ်လာသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရန် ဖလော်ရီဒါ နှင့် အခြားသော အမေရိကန် ပြည်နယ် နှစ်ခုတို့တွင် အမိန့်ထုတ်ပြန်ထားသည်။
ပြင်းအားအများဆုံးမုန်တိုင်းအဆင့် ငါးအဖြစ်မှ လျော့ကျကာ ပြင်းအားအဆင့် လေး ဖြစ်သည့် ဟာရီကိန်းမုန်တိုင်းသည် ယမန်နေ့က ဖလော်ရီဒါ ကမ်းလွန် ၁၇၀ ကီလိုမီတာ အကွာခန့်ရှိ အနောက်ဘက်သို့ရွေ့လျားသွားကြောင်း သိရသည်။
အဆိုပါ မုန်တိုင်း ဒိုရီယန်သည် အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အထိ ဖလော်ရီဒါ သို့ နီးကပ်လာမည်ဟု မျှော်လင့်ရသည်။ ထိုမုန်တိုင်းမှာ တစ်နာရီလျှင် ၂၄၀ ကီလိုမီတာခန့် လေတိုက်နှုန်းရှိသည်။
ဟာရီကိန်းမုန်တိုင်းသည် အသက်အန္တရာယ်ရှိနိုင်ကြောင်း သတိပေးပြောကြားထားကာ ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူ တစ်သန်းကျော် ကို ဘေးကင်းရာသို့ချက်ချင်းပြောင်းရွှေ့ရန် ဖလော်ရီဒါ၊ ဂျော်ဂျီယာ နှင့် တောင်ကာရိုလိုင်းနား ပြည်နယ်များတွင် အမိန့်ထုတ်ပြန်ခဲ့သည်။
ဒိုရီယန်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဘဟားမားစ်တွင် အများအပြားပျက်စီးခဲ့ကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ နှင့် လခြမ်းနီလူမှုရေးအဖွဲ့များက ဆိုသည်။
အိမ်ပေါင်း ၁၃၀ဝ၀ ကျော် အများအပြားပျက်စီးနိုင်ပြီး အေဘာကို ကျွန်းတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားကာ ပင်လယ်ရေ နှင့် ရေတွင်းများ ညစ်ညမ်းမှုဖြစ်နိုင်သည်ဟု ယုံကြည်ရကြောင်း နှင့် သောက်သုံးရေ ထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေကြောင်း ၎င်းအုပ်စုက ဆိုသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို