နေပြည်တော် စက်တင်ဘာ ၃
    

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Asia Great Economic Group Co., Ltd. မှ Managing Director ဒေါ်ယဉ်ယဉ်အေးနှင့်အဖွဲ့အား ယနေ့နံနက် ၉နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
    

တွေ့ဆုံစဉ် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အင်ဒိုင်းကြီး ထုံးကျောက်တောင်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေးကို ဆွေးနွေးကြသည်။ 


သတင်းစဉ်