ရန်ကုန် ၃ စက်တင်ဘာ

၁၃၈၁ ခုနှစ် တပေါင်းလပြည့်နေ့တွင် သက်တော် ၈၀ ပြည့် ပတ္တမြားရတုမွေးနေ့ အခါသမယသို့ ရောက်ရှိတော်မူမည့် မဟာသုဗောဓာရုံကျောင်းတိုက်ကြီးများ၏ ဦးစီးပဓာန နာယက ကျေးဇူးတော်ရှင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး၏ ဂုဏ်တော် ကျေးဇူးတော်များကို ပူဇော်သောအားဖြင့် ပတ္တမြားရတုမွေးနေ့စာစောင်ကို ရိုက်နှိပ် ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်ဘုရားကြီးအား ပူဇော်သောအားဖြင့် စီစဉ်ရိုက်နှိပ်မည့် ထိုစာစောင်၌ ဝံသိက တပည့်အနေဖြင့်လည်းကောင်း၊ စာပေပညာရှင်အနေဖြင့်လည်းကောင်း၊ ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ငန်းများ၊ ထူးခြားသည့်ဂုဏ်ရည်များကို ပူဇော်လို သူအနေဖြင့်လည်းကောင်း၊ ကောင်းနိုးရာရာ မှတ်သားဖွယ် ဆောင်းပါး၊ ဝတ္ထု၊ ဂါထာ၊ ရတု၊ တေးထပ်၊ ကဗျာ စသော စာမူများကို ရေးသားပေးပို့ ပူဇော်ကြပါရန် စာစောင်ဖြစ်မြောက်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ပတ္တမြားရတုမွေးနေ့ စာစောင်တွင် ဆရာတော်ဘုရားကြီး၏ ထူးခြားသောဂုဏ်တော် ကျေးဇူးတော်နှင့်စပ်ဆိုင်သော အကြောင်းအရာများ၊ ထူးခြားသည့် ပြည်တွင်း ပြည်ပ သာသနာပြုလုပ်ငန်းနှင့်စပ်ဆိုင်သော အကြောင်းအရာများ၊ ဘာသာ သာသနာ ပိဋကတ် ဓမ္မက္ခန်နှင့်စပ်ဆိုင်သော အကြောင်းအရာများ၊ လောကီ လောကုတ္တရာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုး ပွားတိုးစေရန် လမ်းညွှန်ပြသသည့် အကြောင်းအရာများကို ရေးသားပေးပို့နိုင်သည်။ (ဆရာတော်ကြီးနှင့်စပ်ဆိုင်သော အတ္ထုပ္ပတ္တိများ လိုအပ်ပါက ဝ၉-၇၉၇၉၇၉၄၅၉ နှင့် ဝ၉၂၅၆၃၀၉၈၅၇ တို့သို့ အကူအညီတောင်းနိုင်ပြီး မဟာသုဗောဓာရုံ ကျောင်းတိုက် face book page စာမျက်နှာတွင်လည်း ဝင်ရောက်ရယူနိုင်သည်။)

စာမူများကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် (၁၃-၁၁-၂၀၁၉)ရက် တနင်္ဂနွေနေ့အတွင်း မဟာသုဗောဓာရုံကျောင်းတိုက် စစ်ကိုင်းမြို့(ဝ၉၇၉၇၉၇၉၄၅၉၊ ဝ၉၂၅၆၃၀၉၈၅၇)၊ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက် မုံရွာမြို့ (ဝ၉၂၅၆၀၃၂၂၀၉)၊ ဓမ္မဝိဇ္ဇာလယသုဗောဓာရုံ ကျောင်းတိုက် သန်လျင်မြို့ (ဝ၉၄၂၆၈၁၈၆၃၄)နှင့် [email protected] တို့သို့ ပေးပို့နိုင်ကြောင်း သိရသည်။

သတင်းစဉ်