ဘားအံ  ၃ စက်တင်ဘာ


ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဩဂုတ်လ ပထမအပတ်မှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါ သဘာဝဘေးကြောင့် ရေကြီးသည့်ဒေသများတွင် လိုအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကိုးကန့်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်)မှ ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး အပေါ်ထပ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
 

ရှေ့ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည် အခြေအနေအား ရှင်းလင်းပြောကြားပြီး လှူဒါန်းမှုများအတွက် ကျေးဇူတင်စကား ပြောကြားသည်။ ဆက်လက်၍ ကိုးကန့်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်)မှ ဥက္ကဌနှင့် တာဝန်ရှိသူများက ကရင်ပြည်နယ်ရေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်သိန်း(၁၀ဝ)ကို လွှဲပြောင်း ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဦးစောပြည်သာတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

                                                                                

နေမျိုးလွင်(ပြန်/ဆက်)

1