မြိတ် ၃ စက်တင်ဘာ

၂၀၁၉-၂၀၂၀ ခုနှစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သတွင်းရှိ လေးမြို့နယ်၌ ဩဂုတ်လကုန်အထိ မိုးစပါးစိုက်ဧက ၈၁၅၂၃ ဧကစိုက်ပျိုးထားရာမှ ရေကြီးနစ်မြုပ်မှုကြောင့် စပါးစိုက်ဧက ၉၈၉၇ ဧက ရေနစ်မြုပ်ခဲ့ရကြောင်း မြိတ်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် မြိတ်မြို့နယ်တွင် မိုးစပါးစိုက်ဧက ၂၄၅၃၁)ဧကတွင် မိုးစပါးစိုက်ဧက ၁၉၂၆ ဧက ရေနစ်မြုပ်ခဲ့ရပြီး ပုလောမြို့နယ်တွင် မိုးစပါးစိုက်ဧက ၃၃၁၆၅ ဧကတွင် မိုးစပါးစိုက်ဧက ၄၄၇၀ ဧက ရေနစ်မြုပ်ခဲ့ရကြောင်း၊ ထို့အတူ တနင်္သာရီမြို့နယ်တွင် မိုးစပါးစိုက်ဧက ၁၂၇၅၀ တွင် မိုးစပါးစိုက်ဧက ၃၅၀၁ ဧက ရေနစ်မြုပ်ခဲ့ရပြီး ပုလောမြို့နယ်တွင် မိုးစပါးစိုက်ဧက ၁၁၀၇၇ ဧကရှိရာ ရေကြီးနစ်မြုပ်မှုဒဏ် မခံရကြောင်း မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယင်းသဘာဝဘေးအန္တရာယ်ကြောင့် ရေနစ်မြုပ်ခဲ့ရသော စပါးစိုက်ဧကများမှာ ယခုအခါ ရေပြန်လည်ကျသွားချိန်၌ လယ်ယာမြေများ ပြန်လည်ပေါ်သွားပြီးဖြစ်သော်လည်း မြိတ်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၆၆)ဧကထိခိုက်ခဲ့ပြီး မိုးစပါးစိုက်ဧက (၁၃၃) ဧက ပျက်စီးခဲ့ရကြောင်း၊ ပုလောမြို့နယ်တွင် မိုးစပါးစိုက်ဧက (၂၀၁၁)ဧကထိခိုက်ခဲ့ရပြီး မိုးစပါးစိုက်ဧက (၁၃၅၇) ဧက ပျက်စီးခဲ့ရကြောင်း၊ တနင်္သာရီမြို့နယ်တွင် မိုးစပါးစိုက်ဧက (၃၄၇၁)ဧကထိခိုက်ခဲ့ရပြီး မိုးစပါးစိုက်ဧက (၂၆၇၆) ဧက ပျက်စီးခဲ့ရကြောင်း၊ ကျွန်းစုမြို့နယ်တွင် မျိုးစပါးများ ထိခိုက်မှုနှင့်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ရေနစ်မြုပ်ခဲ့ရသော စပါးစိုက်ဧကများကိုဒေသခံတောင်သူများ အချိန်မီပြန်လည်းအစားထိုး စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့စပါးသက်လျှင်၊ သက်လတ် မျိုးစပါး သက်တန်းတိုမျိုးစပါးများအား တိုင်းဒေသကြီးအစိုးရထံတင်ပြကာ ရက်ပေါင်း (၉၀)၊(၁၀၅)၊(၁၁၀)သက်တန်းရှိမျိုးစပါးများ အစားထိုးစိုက်ပျိုးနိုင်ရန် တင်ပြထားပြီးဖြစ်ပြီး လက်ရှိအချိန်တွင် ရေနစ်မြုပ်ခဲ့ရသော စပါးစိုက်ဧကများထဲမှ ဩဂုတ်လအထိ မြိတ်မြို့နယ်တွင် (၅၇)ဧက နှင့် တနင်္သာရီမြို့နယ်တွင် (၆၃၇) ဧကကို ဒေသခံ တောင်သူများအနေဖြင့် မိမိအစီအစဉ်များဖြင့် အစားထိုး ပြန်လည်စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြိတ်ခရိုင်စိုက်ပျိုးရေးဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်၏ ပြောပြချက်အရသိရသည်။


မြင့်ဦး(မြိတ်)