နေပြည်တော် ၃ စက်တင်ဘာ

 

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံအမတ်ကြီး Mr.WouterJurgens နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ-နယ်သာလန် နှစ်နိုင်ငံအကြားချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေအရင်းအမြစ် အသုံးချရေးဆိုင်ရာ နည်းပညာအကူအညီများကို နယ်သာလန်နိုင်ငံအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်သွားနိုင်ရေး၊ လွှတ်တော်၌ ဆောင်ရွက်လျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ ကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

 

သတင်းစဉ်