ရန်ကုန် ၃ စက်တင်ဘာ 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ ၅၇၄ ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် စေတီတော်ရင်ပြင်တော်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

 

0097

 

ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် အဖွဲ့ဝင်များက လက်ခံပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာန နာယက ဆရာ တော်ဘဒ္ဒန္တပဝရာဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာ တရားနာယူကြသည်။ 
 
ယနေ့ကျင်းပသည့် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော် (ရွှေပြား) အလှူရှင် ၁၃၇ ဦးက ရွှေပြား ၁၅၇ ချပ်၊ ရင်ပြင်တော်အခင်း ကျောက်ပြား အလှူရှင် ၁၃၇ ဦးက ကျောက်ပြား ၁၂၄၂၇ ချပ်လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် ၄၁ ဦးအပါအဝင် လှူဒါန်းငွေစုစုပေါင်း ငွေကျပ် ၉၆၃၂၄၁၇၀ဝ ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်